Pages

Monday 11 March 2013

ညီလာခံပြီးသွားပြီ




ညီလာခံပြီးသွာပြီ အားလုံးလက်ခုပ်သြဘာပေးကြ၏။ ညီလာခံကျင်းပပုံလေး အတော်သဘောကျမိသည်။ ညီလာခံက ၂၅ နှစ်အကြာမှ လုပ်ရသည့် ညီလာခံမို့ စိတ်ဝင်စားဖို့ ကောင်းကြသည်။
မှတ်သားစရာ  များတွေ့၏

(၁) ၈၈ ကလူရွယ်များ ညီလာခံတွင် အချို့ ရောက်လာကြပြီး မှတ်မိအောင်ကြည့် မိသောအခါ လူအိုရုံသို့ သွားရခါနီးနီးဖြစ်နေကြသည်။


(၂) ပြည်သူများ၏ အုံကြွမှုကနေမွေးဖွားလာသော အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်၏ ယနေ့ ရှင်သန်မှုများ အတွက် သွေးဂါလံပေါင်းများစွာ အသက်ပေါင် များစွာ ထောင်းထောင်းကြေ ပေးပြီး ဖြတ်သန်းခဲ့သည် သို့သော် ယခင်လက်ကျန်ပြည်သူများနှင့် ယနေ့ ပြည်သူများအတွက်ဘာတွေလုပ်ဆောင်ပေးနိုင်သော
အချက် မှာ မှောက်ဖဲတချပ် ဖြစ်နေသည်။

(၃) ၂၀၁၅ တွင် မဲအများစုအား ပြည်သူများမှ ရရှိအောင် အဓိက မျှော်လင့်ထားသော်လည်း လက်ရှိ ပြည်သူများ၏ အခက်ခဲများအားမည်သို့ မည်ပုံ ကိုင်တွယ်ဖြေရှင်းမည့် ကိစ္စရပ်များ တင်ပြဆွေးနွေးခြင်း အလျှင်းမရှိပါ။

(၄) ယနေ့ တောင်သူလယ်သမားများသည် ယခင်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အား ကိုယ်စိတ်နှံ လုံး သုံးပါးလုံးဖြင့် ထောက်ခံသူများဖြစ်ကြပြီး ယခု၎င်းတို့ ခံစားနစ်နာမှုများအား မည်သို့မည့်ပုံကုစားမည့်ဆိုသော အဆိုပြုတင်ပြခြင်းများ မရှိခဲ့သလို ဆွေးနွေးမှုများလည်း မရှိခဲ့ကြပါ။

(၅) ညီလာခံ၏ တင်မြောက်မှုအရ ဒီချုပ်တွင် လူအိုဟောင်းများ ၉၀ ရာနုံန်းကျော် ပြန်နေရာယူထားသည်မို့ ဘီးလဲပြီး အင်္ဂျင်အဟောင်းနှင့် ဆက်လက်မောင်းနှင်နေသော ကားအိုအား ဆေးသုတ်ပြီး ပေါ်လစ်တင်ထားသည့် အနေထားမျိုး ဖြစ်နေသည်။

(၆) လွတ်တော်တွင်း နိုင်ငံရေးဆိုင်ရာ ပြုပြင်ပြောင်းလဲနိုင်မှု အခြေနေအား တင်ပြဆွေးနွေးခြင်း အရှင်းမရှိ သည်မို့ ကျောက်ချထားသော သဘောင်္ကြီး မကြာခင် ဆိုက်ရောက်လာမည်ဟု မျှော်လင့်နေသော သဘောတွေ့ ရသည်။

(၇) အခြေခံ အလုပ်သမားများအဖို့ နိုင်ငံခြားတိုင်းတပါးသားများနှင့် နိုင်ငံခြား စီးပွါးရေးကုမ္မဏီများမှ အာဏာပိုင် များနှင့် ပူပေါင်းကာ ခေါင်းပုံဖြတ် ဖိနှိပ်နေသော အနေထားအားလုံးအား တရားမျှတပြီး အလုပ်သမားများ၏ ရပိုင်ခွင့်များအား အကာအကွယ် အထိန်းအကွပ် ပေးနိုင်မှုများအား ဆွေးနွေးခြင်း အရှင်းမရှိပါ။

(၈) အခြေခံဆင်းရဲသားပြည်သူများ၏ နေ့စဉ်ဘ၀ အကာကွယ်နှင့် လုံခြုံရေးဆိုင်ရာများ လုံးဝမဆွေးနွေးခဲ့ပါ။

(၉) အခြေခံ ပြည်သူများအတွက် နိုင်ငံတော်နှင့် လက်ရှိ အင်အားကြီး ပါတီ ဒီချုပ်မှ မည်သို့ တိုက်ရိုက် ထိရောက်သော ကျန်းမာရေးဆိုင်ရာ အထောက်ကူပြုမည့် အကြောင်း လုံးဝ မဆွေးနွေးပါ။

(၁၀) တိုင်းရင်းသား ဒေသခံပြည်သူများအား မည်သို့ နွေးထွေံးစွာ ပြန်လည်စည်းရဲုံးမည်နှင့် တိုင်းရင်းသားဒေခံ တို့၏ ဘ၀ မြင့်တင်ရေးများ မဆွေးနွေးပဲ ရေဘူယျ သဘောသာပြောသွားကြောင်း တွေ့ရသည်။

(၁၁) လက်ပံတောင်းဒေသမှ ရာဇ၀တ်မှုအား ဒီချုပ်ညီလာခံတွင် ရေငုံနုတ်ပိတ်နေကြပြီး၊ ဒီပဲယင်း ကိုလဲမေ့ ထားကြောင်း တွေ့မြင်သည်။

(၁၂) ပြည်တွင်းစစ်မီး တောက်လောင်မှုကြောင့် ခံစားခဲရသော ပူရိသအပေါင်းတို့အား မည်သို့ မည်ပုံ ကုသ ဖေးမပေး မည့် သဘောတရားများလုံးဝမဆွေးနွေးခဲ့ပါ။

(၁၃) ဒေါ်အောင်ဆန်းစုကြည်၏ သမ္မတ ရာထူးမျှော်လင့် မှုများသာ ညီလာခံတွင် စိုးမိုးခဲ့ပြီး ညီလာခံ တက်လာ သူများအား ကျူရှင်ဆရာမတယောက်ပြောနေသကဲ့သို့ သင်ရိုးကို ရွတ်ပြနေသည့်သဘောဖြင့် ညီလာခံပြီး ဆုံးသွားလေသည်။

မိမိမြင်သော အမြင်များအား ပွင့်လင်းစွာတင်ပြထားပြီး ဒေါ်အောင်ဆန်းစုကြည် အမှန်တကယ်ရဲရဲရင့်ရင့် ဆုံးဖြတ်ကာ လှည်နေလှေအောက် မြင်းစောင်းမကျန်တွင် နေထိုင်နေကြသော အမိပြည်သူ များ အား ကယ်တင်နိုင် ရန်အလို့ငှာ တိုက်တွန်း ရေးသားခြင်းသာဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်မှုအား မိမိမှ ယုံကြည်သော်ငြား မိမိ၏ ပွင့်လင်းသောမမြင်များကို ဆက်လက် တင်ပြသွားပါဦးမည်။

ဂိုလ်ရှယ်လေး

No comments:

Post a Comment

မိတ်ဆွေတို့ ၏ ဆွေးနွေးမူ ဝေဖန်မူအား လိုက်လှဲစွာ ကြိုဆိုပါသည်

လွတ်လပ်စွာ ဆွေးနွေးနိုင်ပါသည်